YouTube New Policy Announcement 2019

YouTube

Follow on Social Media

2019, December 02 ရက်နေ့မှာ စတင်သက်ရောက်တော့မယ့် YouTube ရဲ့ မူဝါဒအသစ်ကဘာလဲ?

YouTube ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ Terms and Policies အကြောင်းလေးမျှဝေပေးချင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ Email, YouTube and Google related product notification မှတဆင့် YouTube ရဲ့ Terms and Conditions တွေပြောင်းလဲလိုက်တဲ့အကြောင်း ကြေငြာထားတာကို အားလုံးရရှိကြမှာပါ။
YouTube ရဲ့ မူဝါဒအသစ် ပြောင်းလဲမှုလုပ်တာနဲ့ပါတ်သတ်ပြီး လာမည့် ဒီဇင်ဘာ ၂ရက်နေ့ကစတင်ပြီး သက်ရောက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပုံမှန်အားဖြင့် Google, Facebook, Twitter စတဲ့ လူသုံးများတဲ့ Social Media နဲ့ Platforms တွေရဲ့ မူဝါဒဆိုင်ရာပြောင်းလဲမှုတွေနဲ့ပါတ်သတ်ပြီး သိပ်ဂရုမစိုက်ဖြစ်ကြပေမယ့်၊ ဒီတစ်ခေါက်အသစ်ကြေငြာလိုက်တဲ့ Policy တစ်ခုကတော့ အားလုံးအတွက် သိထားရမှာဖြစ်သလို သတိထားရမယ့် အရမ်းအရေးကြီးအချက်တစ်ခုပါဝင်နေပါတယ်။

အဲ့ဒီအချက်ကဘာလည်းဆိုတော့ YouTube ဟာ ကျွန်တော်တို့အသုံးပြုနေတဲ့ Online Video Platform တွေထဲမှာ အကြီးဆုံး Platform တစ်ခုဖြစ်ပါတယ်။ YouTube Videos တွေက တင်တာပဲဖြစ်ဖြစ်၊ ကြည့်တာပဲဖြစ်ဖြစ် အခမဲ့ဖြစ်ပါတယ်။ Google Account တစ်ခုရှိတာနဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့ Google ရဲ့ အခမဲ့ဝန်ဆောင်မှု တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီနေရာမှာ YouTube လို FREE Service ကြီးက ဘယ်ကနေပိုက်ဆံဝင်လဲဆိုတာ မသိကြသေးတဲ့မိတ်ဆွေများအတွက် အနည်းငယ်ပြောပြချင်ပါတယ်။ ကျွန်တော်တို့ YouTube Videos တွေကြည့်တဲ့အခါ ကြည့်နေရင်း Ads လို့ခေါ်တဲ့ ကြော်ငြာလေးတွေတက်လာတာ တွေ့ဖူးကြမှာပါ။ အဲ့ဒီလို ကြော်ငြာတွေကနေ Google နဲ့ Publisher တွေက ပိုက်ဆံရကြတာဖြစ်ပါတယ်။

အခုပြောင်းလဲသတ်မှတ်လိုက်တဲ့ YouTube Terms and Policy အသစ်အရ မိတ်ဆွေက Mobile Phone၊ Computer (PC, Laptop), Tablet နဲ့ဖြစ်စေ YouTube ကြည့်နေကျဆိုရင် တစ်ခုတော့ သတိပြုဖို့လိုပါပြီ။ မိတ်ဆွေရဲ့ ဖုန်းဖြစ်စေ၊ Computer (PC) ဖြစ်စေ Browser မှာ Ads တွေကို Blocked လုပ်နိုင်တဲ့ Extension တွေ (ဥပမာ Ads Blocker, AdBlock, uBlock, အစရှိသည်ဖြင့်) အလားတူ အသုံးပြုထားတာကို YouTube က Detect လုပ်ပြီး သိရှိခဲ့ရင် လက်ရှိမိမိအသုံးပြုနေတဲ့ Google Account (User Account) ကို Block လုပ်ခံရနိုင်တဲ့အထိ ဖြစ်မယ်လို့သိရပါတယ်။ အဲ့ဒီ Extensions တွေက YouTube Videos တွေမှာပေါ်တဲ့ ကြော်ငြာတွေကို မမြင်ရအောင် Blocked လုပ်တာမျိုးဖြစ်တာမို့ အဲ့လိုလုပ်ထားတာ သိခဲ့ရင် မိတ်ဆွေရဲ့ Google Account ကို Permanent Banned တာမျိုးထိ လုပ်နိုင်တယ်လို့သိရပါတယ်။ ဘာလို့ဆိုတော့ အခမဲ့ပေးထားတဲ့ဝန်ဆောင်မှုကနေ သူတို့ဝင်ငွေပြန်ရှာနေတဲ့နည်းလမ်းကိုအတားအဆီးဖြစ်စေမှာမို့လို့ပါ။

အခုလို Policy ပြောင်းလဲသတ်မှတ်မှုဟာ YouTube တစ်မျိုးတည်းအတွက်သာဖြစ်ပြီး အခြား Websites တွေ၊ Platforms တွေက Ads ကြော်ငြာတွေကို Blocked တာနဲ့ပါတ်သတ်ပြီး သက်ဆိုင်မှုမရှိပါဘူး။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ Ads Blocker တွေ၊ Extensions တွေကို Browser တွေ Mobile ဖုန်းတွေမှာ Install လုပ်ထားမိတယ်ဆိုရင် YouTube ကလွဲလို့ ကျန်တဲ့ Ads တွေအတွက် Blocked လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီ Policy ပြောင်းလဲမှုမှာ YouTube ရဲ့ Service ကိုပဲ Ban ခံရနိုင်တာမျိုးမဟုတ်ပဲ၊ Google Account နဲ့သုံးရတဲ့ အခြား Service တွေဖြစ်တဲ့ Gmail, AdSense, AdWords အစရှိတဲ့ Google Service အားလုံးကနေပါ မိမိ Google Account ရဲ့အသုံးပြုခွင့် ရာသက်ပန်ပိတ်ပင်ခံရနိုင်ပါတယ်ခင်ဗျာ။

လက်ရှိအချိန်မှာတော့ အပေါ်မှာပြောခဲ့တဲ့ Ads Blocker Extensions တွေနဲ့ပါတ်သတ်ပြီး YouTube အနေနဲ့လည်း ဘယ်လို Detect လုပ်ပြီး သိရှိနိုင်မလဲ၊ ဘယ်လောက်အတိုင်းအတာထိ အရေးယူမလဲ ဆိုတာတွေကို တိတိကျကျမပြောနိုင်သေးတဲ့အတွက် မိမိတို့ရဲ့ Gmail Account (Email) က မိမိတို့အတွက် အရေးပါတယ်သုံးလည်းသုံးနေတယ်ဆိုရင် အဲ့ဒီ Blocker Extensions တွေကို Disable (or) Uninstalled ပြုလုပ်ထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။